အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအတွက် မြန်မာစစ်တပ်ကို အရေးယူဒဏ်ခတ်ပါ။

အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအတွက် မြန်မာစစ်တပ်ကို အရေးယူဒဏ်ခတ်ပါ။

Details of Security Council Chamber
© UN Photo/Evan Schneide/Flickr (CC BY-NC-ND 2.0)

သို့

ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်များနှင့် သမ္မတကြီး၊

 

ကမ္ဘာ့ကုလသမဂ္ဂ အမျိုးသမီးရေးရာ အခြေအနေ ကော်မရှင် (CSW) ၏ ၆၅ ပြည့် အထိမ်းအမှတ်အနေဖြင့် ကျွန်ုပ်တို့ Women’s Peace Network နှင့်အတူ  လက်မှတ်ရေးထိုးထားသည့် အခြားအမျိုးသမီးအခွင့်အရေးရရှိရေးနှင့် အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ပပျောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသော အဖွဲ့အစည်းများအားလုံးမှ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို မြန်မာစစ်တပ်၏ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် မြန်မာစစ်တပ်ကို အရေးယူဒဏ်ခတ်ပေးပါရန် တောင်းဆိုလိုက်ပါသည်။ 

 

ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်မှ မတရားအာဏာသိမ်းယူလိုက်ပြီးနောက် မြန်မာပြည်တဝှမ်းတွင် အထွေထွေသပိတ်နှင့် ဆန္ဒပြမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိပြီး ပြည်သူများ၏ တောင်းဆိုချက်များမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိမှတ်ပြုပေးရန်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းရန်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် တန်းတူညီမျှမှုကို အခြေခံသော ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ဆောက်ရန်နှင့် မတရား ဖမ်းဆီးထားသော ပြည်သူများကို လွှတ်ပေးရန် စသည်တို့ဖြစ်သည်။ 

 

စစ်တပ်၏ အမိန့်အာဏာကို အကြမ်းမဖက် ငြိမ်းချမ်းသော အာဏာဖီဆန်မှုများဖြင့်သာ ဆန့်ကျင်သော အမျိုးသမီးများအပါအဝင် ပြည်သူများကို စစ်တပ်မှ အကြမ်းဖက်နှိမ်နင်းခြင်း၊ မတရားဖမ်းဆီးခြင်းနှင့် တရားမဝင် ဖမ်းဆီးပစ်သတ်မှုများ ပြုလုပ်လျက်ရှိသည်။ မြန်မာစစ်တပ်၏ စစ်သားများသည် သမိုင်းတစ်လျှောက်တွင် အမျိုးသမီးများအပေါ် ကာမအကြမ်းဖက်မှုကို စစ်လက်နက်တစ်ခုအနေဖြင့် အသုံးပြုသည့် သာဓကများစွာ ရှိသည်ဖြစ်သောကြောင့် ယခုအခြေအနေကိုကြည့်လျှင် မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အခြေအနေများ တိုးတက်မှုမှာလည်း နောက်ပြန်ဆုတ်သွားဖို့သာ ရှိသည်ကို ကျွန်ုပ်တို့ စိုးရိမ်မိပါသည်။ ကျွန်ုပ်တို့ ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးအခွင့်အရေးများအတွက် ကြိုးပမ်းဆောင်ရွက်နေသည့် လှုပ်ရှားမှုတွင် ပါဝင်သော အဖွဲ့ဝင်များအနေဖြင့် မြန်မာပြည်သူများ၏ အသံနှင့်အတူ ပူး​ပေါင်းတောင်းဆိုလိုက်သည်။ 

ဤတောင်းဆိုချက်မှာ မြန်မာစစ်တပ်နှင့် လုံခြုံရေးအဖွဲ့ဝင်များသည် ၄င်းတို့ ကျူးလွန်ထားသည့် အကြမ်းဖက်မှုများအတွက် အရေးယူဒဏ်ခတ်ခံရမည်။ အမျိုးသမီးအခွင့်အရေးများကို သမိုင်းတစ်လျှောက် ချိုးဖောက်မှုများ၊ နိုင်ငံတကာဥပဒေများနှင့်စံများကို ချိုးဖောက်မှုများအပေါ် အရေးယူဒဏ်ခတ်ခံရခြင်း  ရှိရမည် စသည်ဖြစ်သည်။

 

မြန်မာနိုင်ငံတစ်ဝှမ်းတွင် စစ်တပ်သည် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကွန်ဗင်းရှင်း (CEDAW) တွင် ပါဝင်သော 

အချက်များကိုပါ ချိုးဖောက်လျက်ရှိသည်။ တစ်လကျော်အတွင်းမှာပင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် ပြည်သူများကို ကျည်အစစ်ဖြင့် ဖြိုခွင်းပစ်ခတ်မှုကြောင့် လူအများအပြား အသက်ဆုံးရှုံးရပြီး ထိုအထဲတွင် အမျိုးသမီး အယောက် ၂၀ အနည်းဆုံးသေဆုံးခဲ့ရသည်။ မြို့ပေါ် လမ်းမများထက်တွင် တပ်စွဲထားပြီး အမျိုးသားများနှင့်သာ ဖွဲ့စည်းထားသော လုံခြုံရေးအဖွဲ့ဝင်များမှ ဆန္ဒပြပြည်သူများနှင့် အမျိုးသမီးများကို လက်ကိုင်နံပါတ်တုတ်များဖြင့်ရိုက်ခြင်းနှင့် လေးဂွဖြင့် ပစ်ခတ်ခြင်းတို့ ပြုလုပ်နေပြီး တစ်ပြိုင်နက်တည်းမှာပင် မျက်ရည်ယိုဗုံး၊ ရေကား၊ အသံဗုံး၊ ရာဘာကျည်နှင့် ကျည်အစစ်များဖြင့် ပစ်ခတ်ဖြိုခွင်းလျက်ရှိသည်။ တိုင်းနှင့်ပြည်နယ်အနှံ့အပြားတွင် မတရားဖမ်းဆီးမှုများ လုပ်ဆောင်လျက်ရှိသည့်အပြင် ညှင်းပန်းနှိပ်စက်မှုများနှင့် ကာမအကြမ်းဖက်မှုများပါ လုပ်ဆောင်နေသည် ဆိုသည့် ထွက်ဆိုချက်များလည်း များသထက်များလျက်ရှိသည်။ လုံခြုံရေးကောင်စီနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ထိရောက်သော အရေးယူဆောင်ရွက်မှုများ မပြုလုပ်နိုင်ပါက မြန်မာစစ်တပ်နှင့် လုံခြုံရေးအဖွဲ့ဝင်များသည် ကြမ်းကြုတ်ရက်စက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကာ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၁၃၂၅၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ကြေညာချက်နှင့် ဥပဒေပြုသူများက ပြဌာန်းထားသည့် လက်နက်နှင့် အင်အားသုံးမှုဆိုင်ရာ အခြေခံစည်းမျဉ်းများကိုပါ ဆက်လက် ချိုးဖောက်သွားမည်မှာ အသေအချာဖြစ်သည်။

 

ကျွန်ုပ်တို့သည် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများ၏ မြန်မာစစ်တပ်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်မှတ်ထားသည့် အရေးယူပိတ်ဆို့မှုများအပေါ်ကြိုဆိုပါသည်။ လုံခြုံရေးကောင်စီ၏ ကြားဝင်ဆောင်ရွက်မှုသည် မြန်မာစစ်တပ်၏ ပြည်သူများအပေါ် အကြမ်းဖက်မှုများပြုလုပ်နေခြင်းကို ရပ်စေရန် အရေးပါသော အရေးယူမှုများပင် ဖြစ်သည်။ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်းတွင် မြန်မာစစ်တပ်မှ မိမိ၏ အာဏာတည်မြဲရန်အတွက် လူနည်းစုတိုင်းရင်းသားများကို ညှင်းပန်းနှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်လေ့ရှိသည့်အပြင် အမျိုးသမီးများအပေါ် ကာမအကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများကို စစ်လက်နက်အသွင် အသုံးပြု ကျူးလွန်ခဲ့သည်။၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာ UN Fact-Finding Mission Report အရ ၂၀၁၂၊ ၂၀၁၆နှင့် ၂၀၁၇ ခုနှစ်များတွင် ရိုဟင်ဂျာအမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ အစော်ကားခံရခြင်း၊ လူအုပ်လိုက် မုဒိန်းကျင့်ခံရခြင်း၊ လိင်အကြမ်းဖက်စော်ကားမှုများ ပြုလုပ်ခံရခြင်း၊ လိင်ကျွန်များအဖြစ် စေခိုင်းခံရခြင်းနှင့် လိင်ပိုင်းအင်္ဂါများ ဖြတ်တောက်ခံရခြင်း စသည့် လုပ်ရပ်များကို စစ်တပ်၏ ‘နယ်မြေရှင်းလင်းရေးလုပ်ငန်းများ’ တွင် ကျူးလွန်ခံခဲ့ရပြီး စစ်တပ်၏ ထိုပြစ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်ခဲ့သည်။ နိုင်ငံတကာအသိုင်းအဝိုင်း၏ တစ်စုတစ်စည်းတည်း ထိရောက်သော အရေးယူဒဏ်ခတ်မှုများ မရှိခြင်း နှင့် ထိုရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ခတ်အရေးယူခံရခြင်း မရှိသေးသောကြောင့် စစ်တပ်သည် လိုင်စင်ရထားသကဲ့သို့ အခွင့်ကောင်းယူကာ မြန်မာနိုင်ငံ၏ ထိခိုက်လွယ်သော လူနည်းစုအဖွဲ့များအပေါ် ပြစ်မှုများ ဆက်လက်ကျူးလွန်လျက်ရှိသည်။ ထို့ကြောင့် စစ်တပ်သည် ထိထိရောက်ရောက် အရေးယူခံရမှုမှ ကင်းလွတ်ကာ မတရားအကြမ်းဖက်မှုများ ဆက်လပ်လုပ်ဆောင်လျက်ရှိသဖြင့် စစ်တပ်၏ ပြစ်မှုများအားလုံးကို ယခုအခါတွင်မှု မည်သည့်နည်းဖြင့်မဆို ထိထိရောက်ရောက် အရေးယူပေးပါရန် တောင်းဆိုပါသည်။

 

လက်မှတ်ရေးထိုးထားသည့်အဖွဲ့များအားလုံးပါဝင်သည့် ကျွန်ုပ်တို့မှ လုံခြုံရေးကောင်စီကို အောက်ပါအချက်များကို တောင်းဆိုလိုက်သည်။

 

၁။ မြန်မာစစ်တပ်နှင့်လုံခြုံရေးတပ်ဖွဲ့များကို နိုင်ငံတကာခုံရုံး International Criminal Court (ICC) တွင် နိုင်ငံတကာ ရာဇဝတ်မှုဥပဒေများနှင့်အညီ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် အကြမ်းဖက်မှုများ အပါအဝင် ၄င်းတို့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအားလုံးကို ရုံးတင်စစ်ဆေးနိုင်ရန် လုံခြုံရေးကောင်စီမှ ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်ပေးပါရန်။ 

၂။ အမျိုးသမီးများအပါအဝင် ငြိမ်းချမ်းစွာဆန္ဒပြသည့် ပြည်သူများကို အကြမ်းဖက်နှိမ်နင်းနေမှုများကို ရပ်ရန် မြန်မာနိုင်ငံတွင် ကြားဝင်စေ့စပ်ပေးနိုင်ရန်နှင့် အခြေအနေများကို စောင့်ကြည့်အရေးယူနိုင်ရန် မြန်မာနိုင်ငံသို့ အဖွဲ့တစ်ဖွဲ့စေလွှတ်ပေးပါရန်။

၃။ မြန်မာစစ်တပ်နှင့် စစ်ခေါင်းဆောင်များ၊ စစ်ကောင်စီအဖွဲ့ဝင်များပိုင်သော စီးပွါးရေးလုပ်ငန်းများနှင့် ဘဏ္ဍာရေးများကို ပိတ်ဆို့အရေးယူမှုများကို ထိထိရောက်ရောက် လုပ်ဆောင်ပေးပါရန်။

၄။ မြန်မာစစ်တပ်ကို စစ်လက်နက်ရောင်းချနေမှုများကို ရပ်ရန် ကမ္ဘာ့နိုင်ငံအားလုံးမှ တစ်ခဲနက် ပါဝင်ပေးပါရန်။ 

 

အကြောင်းအရာနှင့် ပတ်သက်၍ လုံခြုံရေးကောင်စီ၏ ခေါင်းဆောင်မှုနှင့် အာရုံစိုက်ကြိုးပမ်းဆောင်ရွက်မှုကို ကျွန်ုပ်တို့ ကျေးဇူးတင်ရှိပါသည်။


လက်မှတ်ရေးထိုး

  1. Action Against Violence and Exploitation
  2. African Women 4 Empowerment e.V.
  3. African Women Leaders Forum
  4. Akahatá
  5. Aliran
  6. Alliance for Gender Inclusion in the Peace Process
  7. Alliance of Democracies Foundation
  8. ALTSEAN-Burma
  9. Articulación Feminista Marcosur 
  10. Asha Parivar
  11. Asia Democracy Network
  12. Asia Pacific Forum on Women, Law and Development 
  13. Asia Pacific Mission for Migrants
  14. Asian Migrants Centre
  15. Asian Migrants Coordinating Body
  16. Asian Muslim Action Network
  17. Asian Resource Foundation Nepal 
  18. Association for Women’s Rights in Development 
  19. Association of War Affected Women
  20. Aware Girls
  21. AZ ZAHARA Women Group
  22. Bayan Hong Kong and Macau
  23. Beyond Borders Malaysia
  24. Building and Wood Workers' International Asia-Pacific Regional Women's Committee
  25. California National Organization for Women
  26. CEDAW Action Myanmar
  27. Center for Prisoners’ Rights
  28. Center for Trade Union and Human Rights Philippines
  29. Center of Excellence on Women and Social Security, Walailak University of Thailand
  30. Centre for Feminist Foreign Policy
  31. CIS Timor
  32. Citizen News Service
  33. Civicus
  34. Coalition Against Trafficking in Women-Asia Pacific
  35. Collective for Research and Training on Development Action
  36. Commonwealth Human Rights Initiative
  37. Congregation of Our Lady of Charity of the Good Shepherd
  38. Congregation of Our Lady of Charity of the Good Shepherd, U.S. Provinces
  39. Congregation of St. Joseph
  40. Congregation of the Mission
  41. Count Me In! Consortium
  42. Covenants Watch
  43. Edmund Rice International
  44. Elman Peace Center
  45. Empatiku Foundation, Indonesia
  46. EMPOWER Malaysia
  47. Enlightened Myanmar Research Foundation
  48. Equality Bahamas
  49. EuroMed Feminist Initiative
  50. European Coalition-Global Refugee Led Network
  51. Federation of American Women's Clubs Overseas
  52. Feminist Alliance for Rights
  53. Feminist Task Force "Gender Equality to End Poverty"
  54. Feministischer Streik Darmstadt
  55. Fiji Women’s Rights Movement
  56. Filipino Migrant Workers Union
  57. Flora Tristán
  58. FOKUS – Forum for Women and Development
  59. Fondazione Pangea Onlus-REAMA Network
  60. Forum for Dignity Initiatives Pakistan
  61. Frauen für den Frieden Berlin
  62. Fund for Congolese Women
  63. Fundación para Estudio e Investigación de la Mujer
  64. GABRIELA Hong Kong
  65. Gender Equality Network
  66. Global Interfaith Network
  67. Global Justice Center
  68. Global Network of Sex Work Projects
  69. Global Network of Women Peacebuilders
  70. Global Partnership for the Prevention of Armed Conflict - Southeast Asia 
  71. Hope Revival Organization
  72. Human Rights Watch
  73. Initiatives for International Dialogue
  74. Institute for Young Women Development
  75. Institute of the Blessed Virgin Mary - Loreto Generalate
  76. Inter Pares
  77. International Alliance of Women
  78. International Civil Society Action Network
  79. International Domestic Workers Federation
  80. International Federation for Human Rights
  81. International Presentation Association
  82. International Trade Union Confederation
  83. International Trade Union Confederation-Asia Pacific
  84. International Trade Union Confederation-Asia Pacific Women's Committee
  85. International Transport Workers’ Federation
  86. International Union of Food Workers Asia/Pacific Regional Organization
  87. International Women's Development Agency
  88. International Women's Rights Action Watch Asia Pacific
  89. Internet Law Reform Dialogue
  90. Iraqi Al-Amal Association
  91. Iraqi Women Network
  92. Justice for Iran
  93. Justice for Peace Foundation
  94. Kachin Women's Association of Thailand
  95. Karen Women’s Organization
  96. Kuki Women's Human Rights Organization
  97. L'Association Djazairouna
  98. La Federación Internacional De Abogadas USA
  99. Leadership Conference of Women Religious
  100. League for the Defence of Human Rights in Iran
  101. League of Women Voters of the United States
  102. Let's Breakthrough, Inc.
  103. MADRE
  104. Maldivian Democracy Network
  105. Manushya Foundation
  106. Maryknoll Office for Global Concerns
  107. Mercy International Association - Global Action
  108. Millennium Sistahs T&T
  109. Mon Women Organisation
  110. MUSAWAH GLOBAL VISION BERHAD
  111. Naripokkho
  112. National Advocacy Center of the Sisters of the Good Shepherd
  113. National Domestic Women Workers Federation
  114. National Fisheries Solidarity Organization
  115. National Organization for Women
  116. National Women Farmers and Workers Association, Bangladesh
  117. Nationality is a Right for Me and My Family Campaign
  118. Network for Solidarity, Empowerment and Transformation for All
  119. Network of Domestic Workers in Thailand 
  120. Network of Migrant Domestic Workers in Thailand
  121. Network of NGOS of Trinidad and Tobago for the Advancement of Women
  122. New Women Connectors
  123. Ninu Chin Women Group
  124. Nobel Women's Initiative
  125. Odhikar, Bangladesh
  126. Operation 1325
  127. OutRight Action International
  128. Passionists International
  129. Pax Christi International
  130. Pax Romana
  131. Persatuan Sahabat Wanita Selangor
  132. Project SEVANA South-East Asia
  133. Public Services International, Asia Pacific Regional Office
  134. Punjab Women Collective
  135. Rainfall Feminist Women Group
  136. Religious of the Sacred Heart of Mary NGO
  137. Rohingya Women Empowerment and Advocacy Network
  138. RW Welfare Society - RWWS
  139. Servas International
  140. Sindh Nari Purhiat Council [Sindh Women Workers' Council], Pakistan
  141. Sisters of Charity Federation
  142. Sisters of Charity of Leavenworth Office of Justice, Peace, and Integrity of Creation
  143. Sisters of Charity of Nazareth Congregational Leadership
  144. Sisters of Charity of Nazareth Western Province Leadership 
  145. Sisters of Charity of Seton Hill Generalate 
  146. Sisters of Charity of Seton Hill, Korean Province
  147. Sisters of Charity of Seton Hill, United States Province
  148. Sisters of Notre Dame de Namur
  149. Somos la mitad, queremos paridad sin acoso - Perú
  150. Suara Rakyat Malaysia
  151. Synergie des Femmes pour les Victimes des Violences Sexuelles
  152. Tavoy Women's Union
  153. The Asian-Pacific Resource & Research Centre for Women
  154. The International Movement Against All Forms of Discrimination and Racism
  155. The Network of Chinese Human Rights Defenders
  156. U.S. Federation of the Sisters of St. Joseph
  157. UNANIMA International
  158. UNI Apro Women
  159. Union de l'Action Feministe Morocco
  160. United Domestic Workers of the Philippines
  161. United Filipinos in Hong Kong (UNIFIL-Migrante-HK)
  162. Urgent Action Funds
  163. Verein zur Förderung der Völkerverständigung
  164. Vietnam Committee for Human Rights
  165. Vital Voices
  166. VIVAT International
  167. VOICE
  168. Voice for Change, Papua New Guinea
  169. We women foundation International, The Netherlands
  170. We women foundation, Myanmar
  171. We Women Lanka Network
  172. WIN-Peace
  173. Women Against Violence Europe
  174. Women and Harm Reduction International Network
  175. Women and Media Collective
  176. Women Development Society
  177. Women for Justice Foundation - Canada
  178. Women for Peace and Justice
  179. Women Graduates-USA
  180. Women in Governance (WinG)-India
  181. Women in Law and Development in Africa
  182. Women in Response to Aids and Drug Addiction
  183. Women Peacekeepers (WePeace) Philippines
  184. Women Working for Social Progress
  185. Women's Committee of the Federation of Hotel, Restaurant, Plaza, Catering, Apartment and Tourism - Indonesia
  186. Women's International League for Peace and Freedom
  187. Women's International Peace Centre
  188. Women's Network for Peace, Germany / Frauennetzwerk für Frieden e.V.
  189. Women's Peace Network
  190. Women's Refugee Commission
  191. Women’s Organizations Network Myanmar
Category
Statements
Region
Asia
Source
AWID